စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန Grade- 10 ၊ Grade-11 နှင့် Grade-12 အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် သင်ကြားမည့် ဆရာ ဆရာမများ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြုဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် သင်ကြားရေးနည်းစနစ်များ စွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပသည်။


Apr 29, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

Apr 29, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်မှုရှိခဲ့သော မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးသို့ ယနေ့နံနက် ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကာ မိမိဝန်ကြီးဌာန၏ တိုင်း၊ ခရိုင်၊ မြို့နယ်အင်ဂျင်နီယာများပါဝင်သော အကြိုစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ ရုံးအဆောက်အအုံများ၏ Horizontal Alignment ၊ Vertical Alignment ၊ Structural Member အချို့နှင့် Non-Structure များ ကြံ့ခိုင်မှုအခြေအနေ တိုင်းတာစစ်ဆေးမှုများကို အမြန်ဆောင်ရွက်ပေးရန်၊ အတက်အဆင်းလှေကား နိမ့်ကျနေမှုကို စစ်ဆေးပြုပြင်ရန်၊ မျက်နှာကြက်များ ပြန်လည်တပ်ဆင်ပေးသွားရန်နှင့် ရေထွက်နည်းသွားသော ရုံးပိုင်စက်ရေတွင်းအား တွင်းဆေးတွင်းမှုတ် ပြန်လည်ပြုလုပ်ပေးရန် မှာကြားသည်။

Apr 29, 2025
ယနေ့ နံနက် ၇ နာရီအချိန် ကျောက်တံခါးဘူတာမှ ထွက်ခွာလာသော အမှတ် (၉၀၂) အစုန်ကုန်ရထားသည် ရန်ကုန် - မန္တလေးရထားလမ်းပိုင်းအတွင်းရှိ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကျောက်တံခါးဘူတာနှင့် သူဌေးကုန်းဘူတာအကြား၊ မိုင်တိုင်အမှတ် ၁၀၇/၄-၅ နေရာသို့ ရောက်ရှိချိန်တွင် အစုန်ရထားလမ်းပေါ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အစုန်ရထားလမ်း ထိခိုက်ပျက်စီးနေကြောင်း တွေ့ရှိရသဖြင့် ကျောက်တံခါးဘူတာသို့ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ကျောက်တံခါးနှင့် သူဌေးကုန်းရထားလမ်းပိုင်းအား နံနက် ၇ နာရီ ၂၆ မိနစ်တွင် ယာယီပိတ်ထားခဲ့ရကြောင်း သတင်းရရှိသည်။

Apr 29, 2025
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်လျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - မင်းလက်ပံ၊ မဲ့ထော်သလေးနှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၅၅ ဦးကို ယနေ့တွင် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား သုံးဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

Apr 29, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတို့တွင် ဧပြီ ၂၈ ရက်နေ့အထိ သေဆုံးသူ ၃၇၇၀၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၆ ဦးနှင့် ပျောက်ဆုံး သူ ၁၀၆ ဦးရှိသည်။

Apr 29, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိနှင့် ကုန်မျိုးစုံ ဈေးကားများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ဧပြီ ၂၈ ရက်တွင် ၂၉ ရက် မြောက်နေ့အဖြစ် ဈေးကား ခုနစ်စီးဖြင့် လှည့်လည်ရောင်းချပေးကြောင်း သိရသည်။

Apr 29, 2025
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

Apr 29, 2025
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၀-၄-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၄-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၇၇၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။
နောက်ဆုံးရသတင်းများ

Apr 29, 2025Latest News
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန Grade- 10 ၊ Grade-11 နှင့် Grade-12 အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် သင်ကြားမည့် ဆရာ ဆရာမများ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြု

Apr 29, 2025Latest News
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတ

Apr 29, 2025Latest News
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်မှုရှိခဲ့သော မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီ

Apr 29, 2025Latest News
ယနေ့ နံနက် ၇ နာရီအချိန် ကျောက်တံခါးဘူတာမှ ထွက်ခွာလာသော အမှတ် (၉၀၂) အစုန်ကုန်ရထားသည် ရန်ကုန် - မန္တလေးရထားလမ်းပိုင်းအတွင်းရှိ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကျောက်တံခါးဘူတာနှင့် သူဌေးကုန်းဘူတာအကြား၊ မိုင်တိုင်အမှတ

Apr 29, 2025Latest News
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်လျက်ရှိရာ မြန်မာနိုင်ငံအတွ
ဆောင်းပါးကဏ္ဍ
- Apr 29, 2025နိုင်ငံတစ်နိုင်ငံဟာ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးစတဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ကြုံတွေ့ရတဲ့အခါမျိုးမှာ ကမ္ဘာ့နိုင်ငံ၊ အစိုးရနဲ့ အစုအဖွဲ့တွေအကြား ပုံမှန်အချိန်မှာ ရှိခဲ့တဲ့ နိုင်ငံရေးအရ အဟန့်အတားနဲ့ အေးစက်တင်းမာမှုတွေကို လျစ်လျူရှုဘေးဖယ်ထားပြီး လူသားချင်းစာနာထောက်ထားခြင်းဆိုတဲ့ရှုထောင့်မှ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်စေနိုင်တဲ့ သံခင်းတမန်ခင်းလုပ်ငန်းစဉ်တွေကို သဘာဝဘေးအန္တရာယ် သံခင်းတမန်ခင်းလို့ သီအိုရီတွေက ညွှန်းဆိုထားရှိကြပါတယ်။
- Apr 29, 2025မြန်မာနိုင်ငံမှာ ဒီနှစ်နှောင်းပိုင်း ဒါမှမဟုတ် နောက်နှစ်အစောပိုင်းမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိတယ်။ မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲတွေကို ကိုယ့်ရဲ့စံတန်ဖိုးတွေနဲ့အညီသာ ကျင်းပသင့်ပါတယ်။ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲတွေရဲ့အဓိပ္ပာယ်ကို သူတို့ရဲ့အမြင်နဲ့ပဲ တင်းကျပ်စွာ သတ်မှတ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံတွေအပေါ် သူတို့ရဲ့ စံတန်ဖိုးတွေနဲ့လာပြီး ဆရာလုပ်နေကျ ကမ္ဘာ့နိုင်ငံအချို့ရဲ့ စွက်ဖက်မှုကို လက်ခံစရာ မလိုပါဘူး။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အလေးအနက်ထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် အဲဒီနိုင်ငံတွေက မြန်မာ့စံတန်ဖိုးနဲ့ ဓလေ့ထုံးတမ်းတွေကို နားလည်နိုင်မှာမဟုတ်ဘူး။ (Global South ဆိုတာ အာဖရိက၊ လက်တင်အမေရိက၊ အာရှတိုက်နဲ့ အရှေ့အလယ်ပိုင်း ဒေသတချို့မှာရှိတဲ့ နိုင်ငံတွေကို အဓိကအားဖြင့် ပြောတာပါ။)
- Apr 28, 2025ယနေ့ဧပြီလ ၂၈ ရက်နေ့ဟာ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ တစ်လတင်းတင်း ပြည့်မြောက်ခဲ့တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဒီတစ်လတာအချိန်ကာလဟာ အစိုးရနဲ့ပြည်သူအားလုံးအတွက် သာမန်အချိန်ကာလတွေထက် စိတ်ရောကိုယ်ပါ ပိုပြီးပင်ပန်းရုန်းကန်ခဲ့ကြရတာကိုလည်း မြင်တွေ့ခံစားနိုင်ပါတယ်။ ဒီလို ရုန်းကန်နေကြရပေမယ့်လည်း ငလျင်ဘေးဒဏ်သင့်ပြည်သူတွေဟာ ရှောင်လွှဲမရတဲ့ ဘေးအန္တရာယ်တွေပေါ်မှာ ဗုဒ္ဓတရားရဲ့ အဆုံးအမတွေနဲ့အညီ စိတ်ဓာတ်ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြတ်သန်း ကျော်လွှားနေမှုနဲ့အတူ အစိုးရနဲ့ပြည်သူတို့အကြား နားလည်ယုံကြည်မှုများနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ကြားသိနေရပါတယ်။
- Apr 27, 2025မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများကို အခြေခံသော ကျေးလက်ဗဟိုပြုစီးပွားရေးစနစ်ရှိသည့် နိုင်ငံဖြစ်ပြီး နိုင်ငံသားအားလုံး စားရေရိက္ခာဖူလုံရေးသည် အရေးပါလှပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်(၄)ရပ်ပါ “စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
- Apr 26, 2025မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ် လွန်စွာပေါကြွယ်ဝပြီး မြေမျက်နှာသွင်ပြင် အမျိုးအစားများ ကွဲပြားသော နိုင်ငံတစ်ခုဖြစ်သော်လည်း ကမ္ဘာပေါ်တွင် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုဒဏ်ကို ဆိုးရွားစွာခံစားရသည့် နိုင်ငံများစာရင်းတွင်လည်း ပါဝင်နေပါသည်။ နိုင်ငံအတွင်းနေထိုင်သူ အဓိကလူမျိုးစု ရှစ်မျိုးနှင့် တိုင်းရင်းသား ၁၃၅ မျိုးတို့တွင် အထူးသဖြင့် အလယ်ပိုင်းခြောက်သွေ့ဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသတွင် အခြေချနေထိုင်သူများသည် သဘာဝတရား၏ ပြောင်းလဲမှုဖြစ်သော ရာသီဥတုဖောက်ပြန်မှုဒဏ် အတော်များများကို ထိတွေ့ခံစားကြရသည်။ ထို့အပြင် ကုန်းမြင့်ဒေသနှင့် မြေနိမ့်လွင်ပြင်ဒေသရှိ နေထိုင်ကြသူ လူအများစုသည်လည်း ဆိုးရွားသောရာသီဥတုဖောက်ပြန်မှုဒဏ်၏ ဆိုးကျိုးများကို ခံစားရလျက်ရှိပါသည်။
- Apr 20, 2025မြန်မာနိုင်ငံတစ်ဝန်း၌ မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလတို့တွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပြန်တက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်သည်။ ထိုမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။