Skip to main content

သီပေါ ဇန်နဝါရီ ၂ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့ည (၉)နာရီ (၁၅)မိနစ် အချိန်က အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်း၍ မိုးသီးများ ကြွေကျခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပွားခဲ့သည်။ အဆိုပါ မိုးသက်လေပြင်းကျရောက

မြောင်  ဇန်နဝါရီ  ၂

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်၊ မြောင်မြို့ မြို့တော်ခန်းမ အဆောက်အဦအသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါ ခန်းမရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့တော်ခန်းမ အဆောက်အဦအသစ်အား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှငွေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြတ်မွန်နှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသစ်ထူးမြင့် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်ပြီး မြို့တော်ခန်းမ ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ရဲ့ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အဖြစ် ယခုလို မြောင်မြို့အတွက် မြို့တော်ခန်းမသစ်ကြီးကို မင်္ဂလာရှိစွာဖြင့် ဖွင့်လှစ်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊  မိမိတို့ အစိုးရလက်ထက်မှာ အခြားသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စည်ပင်သာယာရေးလုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ကြိုးစား ဆောင်ရွက်ပေးလျက်ရှိသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့များဟာ ပိုမိုဖွံ့ဖြိုး တိုးတက်လာပြီး မြောင်မြို့တော်ခန်းမကြီးကဲ့သို့ပင် အခြားသောမြို့ကြီးများတွင်လည်း မြို့တော် ခန်းမများ ဆောက်လုပ်ပေးလျက်ရှိပါကြောင်းနှင့် ပြည်သူများထံမှ ကောက်ခံရရှိတဲ့ အခွန်၊ အခ၊ အကောက်များဖြင့် မြို့အတွက် လမ်း၊ တံတား၊ ရေးပေးရေး၊ သန့်ရှင်းသာယာလှပရေး၊ မြို့အင်္ဂါရပ်နှင့်အညီစေရေး စသဖြင့် ဘက်စုံ ထောင့်စုံမှ ပြန်လည်ဆောင်ရွက်ပေးရခြင်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မုံရွာမြို့ မြို့တော်ခန်းမအား အဆင့်မြှင့်တင် အကြီးစား ပြင်ဆင်ပေးခဲ့ပြီး ရွှေဘိုမြို့တွင်လည်း မြို့တော်ခန်းမအသစ်အားဖွင့်လှစ်ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒါ့အပြင် အင်းတော်နှင့်ပုလဲမြို့များတွင်လည်း မြို့တော်ခန်းမအသစ်များ တည်ဆောက်ပေး လျက်ရှိပြီး ယင်းမာပင်၊ ကျွန်းလှနှင့် ကနီမြို့များတွင် ယခင်ရှိပြီးသား မြို့တော်ခန်းမများအား ခေတ်နှင့်လျော်ညီစွာ အဆင်မြှင့်တင်မှုများ ဆောင်ရွက်ပေးလျက်ရှိတဲ့အတွက် မိမိတို့ အစိုးရ အဖွဲ့နေဖြင့် မြို့ရွာများအား အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရမှာဖြစ်ပါကြောင်း။

ထို့အပြင် မြို့များခေတ်နှင့်အညီ ဖွံ့ဖြိုးတက်တက်သာယာလှပစေရေးအတွက် လိုအပ်တဲ့ အမှိုက်သိမ်းယာဉ်၊ စက်ယန္တရား၊ အမှိုက်ပုံး၊ အမှိုက်သံကန်များ၊ မြို့နယ်အလိုက် ရပ်ကွက်တွင်း ကိုယ့်အား ကိုယ်ကိုးလမ်းများအတွက် လိုအပ်သော ဘိလပ်မြေ၊ ကတ္တရာများကိုလည်း တစ်မြို့နယ်ချင်းအလိုက် ကူညီထောက်ပံ့ပေးလျက်ရှိပါကြောင်းနှင့် ယခုလို မြောင်မြို့အတွက် မြို့ ဂုဏ်ကျက်သရေဆောင် မြို့တော်ခန်းမသစ်ကြီး ဆောက်လုပ်ဖွင့်လှစ်ပြီးဖြစ်တဲ့အတွက် ရေရှည် ခိုင်ခံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းပြီး စည်ပင်သာယာနဲ့ ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက် သွားကြပါ  ” ဟု တိုက်တွန်းအမှာစကားပြောကြားသည်။

ထို့နောက် မြောင်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွန်းက မြို့တော်ခန်းမ တည်ဆောက်ပေးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ်အလံကို ပေးအပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါတာမြင့်နိုင်မှ လက်ခံရယူခဲ့သည်။

ယင်းနောက် မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများထံသို့ ဖွင့်ပွဲအထိမ်းအမှတ်အလံများအား အသီးသီး ပေးအပ်ခဲ့ကြပြီး ဝန်ကြီးချုပ်နှင့်တကွ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ မြောင်မြို့ မြို့တော်ခန်းမ အဆောက်အဦသစ်သည် အလျား(၁၂၀)ပေ၊ အနံ(၆၀)ပေ၊ အမြင့် (၁၆)ပေရှိသော (RC တစ်ထပ်အဆောက်အဦ)ဖြစ်ပြီး  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၉ ခုနှစ် မတ်လမှစတင်၍ မြောင်မြို့ကို  မြို့အင်္ဂါရပ်များနှင့်ညီစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က မြောင်မြို့ အိုးအိမ်ဦးစီးဌာနမှ ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၄ ထပ် အဆောက်အဦသစ် (၂)လုံး တည်ဆောက်ပြီးစီးမှုအခြေအနေ၊  မြောင်မြို့ဝင် တွင် ပြလုပ်ထားသော အင်္ဂလိပ်စာလုံးဖြင့် WELCOME TO MYAUNG ဆိုင်းဘုတ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများမှ တင်ပြသော ကလေးကစားကွင်း ဆောက်လုပ်မည့် မြေနေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထွန်းကိုကို(ယင်းမာပင်)