Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ(MCIS-2021) အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

နေပြည်တော် ဇွန်  ၂၄

 

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhuge- tovich Shoigu က မော်စကိုမြို့ရှိ RADISSON Hotel ၌ တည်ခင်းဧည့်ခံသည့် (၉)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေး ဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021)) အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့ ယမန်နေ့ ညပိုင်းတွင် ညီလာခံသို့တက်ရောက်ခဲ့ကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အတူ တက်ရောက်သည်။

 

ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြား

 

ဦးစွာ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များအား ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးနှင့် ရုရှားတပ်မတော်မှ အရာရှိကြီး များ က ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးက ယခုကဲ့သို့ ညီလာခံအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် လာကြသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ညစာကို အတူတကွ သုံးဆောင်ကြသည်။

 

ဖျော်ဖြေတင်ဆက်

 

ညစာသုံးဆောင်နေစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု တေးဂီတအဖွဲ့က ရိုးရာတေးသီချင်းများ၊ ယဉ်ကျေးမှုအကအလှ များဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)