Skip to main content

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိသည့် ထိုင်းနိုင်ငံအတွင်းရှိ မြို့နယ်များ၌ လက်နက် ခဲယမ်းများဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံရဲတပ်ဖွဲ့အကြီးအကဲများ ထုတ်ဖော်ပြောဆို

နေပြည်တော် နိုဝင်ဘာ ၂၄

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည့် ထိုင်းနိုင်ငံ Nakhon Pathom ခရိုင်၊ Nakhon Pathom မြို့နယ်၊ Phra Pathom ကျေးရွာအုပ်စုနှင့် Kanchanaburi ခရိုင်၊ Kanchanaburi မြို့နယ်၊  Ko Samrong ကျေးရွာအုပ်စု၊ အမှတ် (၅) ကျေးရွာများအတွင်း လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံရဲတပ်ဖွဲ့ အကြီးအကဲများက ထုတ်ဖော် ပြောကြားကြောင်း သိရှိရသည်။

ဖမ်းဆီး ရရှိမှုအနေဖြင့် နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် Phra Pathom ကျေးရွာအုပ်စု အတွင်း၌ တရားခံနှစ်ဦးကို လက်နက်မျိုးစုံ (လိုင်စင်မဲ့) ၇၉၁ လက်၊ လက်နက်မျိုးစုံ (လိုင်စင်ပါ) ၁၂၅ လက်၊ စက်သေနတ်သုံးလက်၊ ကျည်ဆန်မျိုးစုံ ၆၃၈၃ တောင့်၊ အခြားဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း Nakhon Pathom ခရိုင်ရဲတပ်ဖွဲ့ ထံမှ သိရသည်။

Nakhon Pathom ခရိုင် ရဲတပ်ဖွဲ့အနေဖြင့် နိုဝင်ဘာ ၂၈ ရက်တွင် ထိုင်းနိုင်ငံတစ်ဝန်း၌ ကျင်းပမည့် မြို့နယ်/ ခရိုင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကာလ မတိုင်မီ ဖြစ်ပေါ်လာနိုင်သည့် နှောင့် ယှက်ဖျက်ဆီးမှုများကို ကြိုတင် ကာကွယ်သည့်အနေဖြင့် လက် နက်ခဲယမ်းများ ဖမ်းဆီးရမိရေး အတွက် စီမံချက်များရေးဆွဲ၍ ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ ဖမ်းဆီးရခဲ့ခြင်းဖြစ်ကြောင်း Nakhon Pathom ခရိုင် ရဲတပ်ဖွဲ့မှူး Pol. Gen. Thanayutjarus Thammarong က ပြောကြားသည်။

အလားတူ နိုဝင်ဘာ ၂၀ ရက် ကလည်း Kanchanaburi ခရိုင်၊ Kanchanaburi မြို့နယ်၊ Ko Samrong ကျေးရွာအုပ်စု၊ အမှတ်(၅) ကျေးရွာရှိ တည်းခိုခန်းတစ်ခု၌ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို လက်နက်မျိုးစုံ ၁၁၁ လက်၊ ကျည်မျိုးစုံ ၁၃၂၀၊ မှန်ပြောင်း၊ အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း Pol. Lt. Gen. Thanayut က ပြောကြားသည်။

အဆိုပါ ဖမ်းဆီးရမိသူများ အား ဥပဒေအရ အရေးယူဆောင် ရွက်နိုင်ရန် ထိုင်းနိုင်ငံရဲတပ်ဖွဲ့မှ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်