Skip to main content

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ၂၀၂၀ နှစ်သစ်မင်္ဂလာ နေ့ရက်မှာ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်း ဆက်သလိုက်ပါတယ်။

ကျွန်တော်တို့ ၂၀၁၉ ခုနှစ်ကို ကျော်လွန်ဖြတ်ကျော်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကစပြီး ကျွန်တော်တို့နိုင်ငံအနေနဲ့ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းအပေါ်မှာ လျှောက်လှမ်းခဲ့တာ ၉ နှစ်တာ ကာလကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ အတိတ်ကို ပြန်ကြည့်မယ် ဆိုရင် အောင်မြင်တာတွေရှိသလို အခက်အခဲတွေကို ကျော်လွှားခဲ့ရတာတွေလည်း ကျွန်တော်တို့ ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်ဟာ ကျွန်တော်တို့ နိုင်ငံအတွက် ငြိမ်းချမ်းရေးအတွက်သော်လည်းကောင်း၊ နိုင်ငံရေးအတွက်သော်လည်းကောင်း အရေးပါတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ကြဉ်းလုပ်ဆောင် သွားပါမယ်။ မိဘပြည်သူများ ကလည်း အစစ အရာရာ ချင့်ချိန်သုံးသပ်ပြီးတော့မှ တပ်မတော်နဲ့ လက်တွဲပြီး ဒီ ၂၀၂၀ ကာလကိုလည်း ကျော်လွန်ဖြတ်ကျော် နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ မိဘပြည်သူ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ထပ်လောင်းဆုတောင်းအပ်ပါတယ်ခင်ဗျာ။