ညောင်ဦး နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၊ အမှတ်(၁)၊ သာယာဝတီ အနောက်ရပ်ကွက်၌ လျှပ်စစ်မီးသုံးစွဲမှု၊ Gas မီးဖိုသုံးစွဲမှုနှင့် အခြားမီးသုံးစွဲမှုများ စနစ်တကျရှိစေရေး ညောင်ဦးခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ နိုဝင်ဘာ ၂၃ ရက်၊ နံနက် ၁၀ နာရီအချိန်က တစ်အိမ်တက်ဆင်း လှည့်လည်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ် ၅ အရန်မီးသတ်တပ်ဖွဲ့များသည် မီးသုံးစွဲရာတွင် စနစ်တကျရှိစေရေး၊ လျှပ်စစ်မီးသုံးဆွဲမှု၊ Gas မီးသုံးစွဲမှုစနစ်တကျရှိစေရေးနှင့် အမှတ်(၁) ၊ သာယာဝတီအနောက်ရပ်ကွက် လူနေအိမ်ခြေစိပ်သောရပ်ကွက်များတွင် မီးသတ်ယာဉ် ဝင်ထွက်လမ်းခက်ခဲသော၊ မီးဘေးစိုးရိမ်ရသောနေရာများအား ဦးစားပေးအနေဖြင့် အဖွဲ့(၃)ဖွဲ့ခွဲ၍ အပိုင်းအလိုက်တစ်အိမ်တက်ဆင်း ပိုက်စိပ်တိုက်လှည့်လည်စစ်ဆေး အကြံပြုခြင်းများဆောင်ရွက်ခဲ့ရာ အိမ်ခြေ ၁၇၀ အိမ်၊ အိမ်ထောင်စု ၁၉၁ စု၊ လူဦးရေ ၃၉၅ ဦးတို့အား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအကြံပြုခြင်းများဆောင် ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း