ပြည်ကြီးတံခွန် နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေ ၁၀ ဦး၊ အရန် ၂၀ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းကာ ယာတော်ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ စက်မှုဇုန်(၁) အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ သိုလှောင်ရုံများအား ယနေ့နံနက်ပိုင်းက စတင်၍ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မီးသုံးစွဲမှုများနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်/ မီးကပ်/ သဲ/ ရေ/ မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိစေရေး၊ မီးငြှိမ်းသတ်ရေးစနစ်များ တပ်ဆင်ထားရှိမှုများအား စစ်ဆေးအကြံပေးခြင်းနှင့် မီးသတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်(ခရိုင်၊ပြန်/ဆက်)