ကျောက်ဆည် နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး ဘဏ္ဍာနှစ်အလိုက်ပျက်စီးနေသည့်လမ်းများအား ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နှင့်တံတားဦးမြို့နယ်ချင်း ဆက်သွယ်ထားသောလမ်း၌ ရေတိုက်စားနေသည့် လမ်းပိုင်းတာပေါင်အား ပြန်လည် ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
လမ်းတာဘောင်ပြုပြင်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခန့်မှန်းခွင့်ပြုရန်ပုံငွေ (ငွေလုံးငွေရင်း) ၄၉ ဒသမ ၆ ကျပ်သန်းဖြင့် မြို့နယ်လမ်းဦးစီးဌာနမှ ရေတိုက်စားသွားသော ၁၁ ဒသမ ၂ ကီလိုမီတာ နှင့် ၁၂ ဒသမ ၅ ကီလိုမီတာအတွင်းရှိ အရှည်(၁ ဒသမ ၃)ကီလိုမီတာ၊ ပျမ်းမျှအကျယ်(၁ ဒသမ ၅၂)မီတာရှိ လမ်းတာပေါင်အား ပြန်လည်ပြုပြင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းသည် ကျောက်ဆည်မြို့နှင့်တံတားဦးမြို့တို့အား ဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်သောကြောင့် အလွန်အရေးပါသည့် လမ်းတစ်လမ်းဖြစ်ပြီး လမ်းတာပေါင်ပြန်လည်ပြုပြင်ပေးသည့်အတွက် လမ်းအသုံးပြုသည့် ဒေသခံပြည်သူများအတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)