မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ပြည်ထောင်စုနေ့အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

‎‎မဟာအောင်မြေ ဇန်နဝါရီ ၂၈

‎‎မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

မဟာအောင်မြေမြို့နယ်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ကလေးစာဖတ်ခန်း၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများကို လစဉ်ကျင်းပပေးလျက်ရှိရာ ယနေ့တွင် လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းစာအပြင် အခြားဗဟုသုတများရရှိစေရန်၊ ကိုယ်စွမ်းဉာဏ်စွမ်းများတိုးတက်လာစေရန်၊ စာပေမှာမွေ့လျော်ပြီး အမှားအမှန်ဝေဖန်နိုင်စေရန်၊ နိုင်ငံအကျိုး၊ ပြည်သူအကျိုး၊ အများကျိုး သယ်ပိုးထမ်းဆောင်‌စေလိုသောစိတ်များ မွေးမြူး‌တတ်လာစေရန်ဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လစဉ်ဟောပြောပွဲများ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ အသိပေးဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

‎‎ထို့နောက် ပြိုင်ပွဲတွင်ဆုရကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

‎‎‎အောင်ဇော်မင်း