အမရပူရ ဇန်နဝါရီ ၂၈
အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် အကြမ်းဖက်မှု ကြိုတင်ကာကွယ်တားဆီးရေး၊ တိုက်ဖျက်ရေးဆိုင်ရာ စာစီစာကုံး၊ ဆောင်းပါးနှင့် ပိုစတာပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အဆောင်(၁၄) ၌ ကျင်းပသည်။
စာစီစာကုံးပြိုင်ပွဲတွင် “လူမှုဘဝနှင့်အကြမ်းဖက်မှုအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် “တိုင်းပြည်အနာဂတ်ကောင်းမွန်ဖို့ အကြမ်းဖက်မှုကာကွယ်တားဆီးစို့”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပိုစတာပြိုင်ပွဲတွင် “ပြည်သူ့ဘဝလုံခြုံဖို့ အကြမ်းဖက်မှုကြိုတင် ကာကွယ်တားဆီးစို့” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ ဘွဲ့ကြိုသင်တန်း၊ ဒီပလိုမာသင်တန်း၊ ဂုဏ်ထူးတန်းသင်တန်း၊ မဟာအရည်အချင်းစစ်သင်တန်းနှင့် မဟာသင်တန်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)