မြင်းခြံ ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ မြန်မာစာပေထဲက ကိုယ်ကျင့်တရားနှင့် စာနာမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဝိုင်းဝန်းလုပ်ဆောင်ပညာပေးခေါင်းစဉ်များဖြင့် အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ဘက်စုံသုံးခန်းမတွင် ပြုလုပ်သည်။
ဦးစွာ မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ်က ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြန်မာစာဌာနမှ ပါမောက္ခက “မြန်မာစာပေထဲက ကိုယ်ကျင့်တရားနှင့်စာနာမှု” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အရှေ့တိုင်းပညာဌာနမှ ပါမောက္ခ(ဌာနမှူး)က “အကြမ်းဖက်မှုတိုက်ဖျက်ရေး ဝိုင်းဝန်းလုပ်ဆောင်ပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောသည်။ ဆက်လက်၍ တက်ရောက်လာသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ဆွေးနွေးမေးမြန်းခဲ့ကြသည်။
အဆိုပါ အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ချစ်ဦးနွေ(မြင်းခြံ)