ရမည်းသင်း ဇန်နဝါရီ ၂၈
ရမည်းသင်းမြို့နယ်၊ ဆည်ကြီးအုပ်စု၊ ဆည်ကြီးကျေးရွာ၌ တောင်သူ ဦးစိုးမင်း၏ မိုးနှောင်းချည်မျှင်ရှည်ဝါ စမ်းသပ်ကွက်တောင်သူကွင်း သရုပ်ပြပွဲ ကို ယနေ့နံနက်ပိုင်းက အဆိုပါကွင်း၌ ကျင်းပသည်။
ကွင်းသရုပ်ပြပွဲသို့ မန္တလေးတိုင်းဒေသကြီးဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသိန်း၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးသန့်၊ ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်စု (၇) အုပ်စုမှ ဝါစိုက်တောင်သူ (၇၀) ဦး တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသိန်းက တောင်သူ ဦးစိုးမင်း၏ မိုးနှောင်းချည်မျှင်ရှည်ဝါရွှေတောင် (၈)၊ ရွှေတောင် (၁၀) ဝါမျိုးများဖြင့် စိုက်ပျိုးထားပြီး ဝါပေါက်ချိန်ညီညာစေရန် သွင်းအားစုနှင့် အပင်ထိန်းညှိဆေး (PGRs) တွဲဖက်အသုံးပြုဆောင်ရွက်ထားရှိသည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသန့်နှင့် မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးသန့်တို့ကလည်း ဝါပေါက်ချိန်ညီညာစေရန် (PGRs) အသုံးပြုဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)