စဉ့်ကိုင် ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ အကြမ်းဖက်မှု ကြိုတင်ကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးစကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အထက(စဉ့်ကိုင်) ကျောင်းရှိ သဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(စဉ့်ကိုင်) ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ဦးဆောင်ဆွေးနွေးခဲ့ပြီး အထက(စဉ့်ကိုင်)ကျောင်းမှ Grade-11 ကျောင်းသား မောင်နောင်လင်းခန့်က "အလောင်းကစားပြုလုပ်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ရာဇာရဲထက်က" အွန်လိုင်းမီဒီယာမှတစ်ဆင့် အကြမ်ဖက်လုပ်ဆောင်မှုများနှင့် အွန်လိုင်းဂိုဏ်းများ ပေါ်ပေါက်လာခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မအေးငြိမ်းသူက" ပျင်းရိခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ " ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်မိုးထက်အောင်က " မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် အကြမ်းဖက်မှု ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ " ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဒုတိယဦးစီးမှူးက ပြန်လည်ဖြည့်စွက် ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)