ပြည်ကြီးတံခွန်မြို့နယ်၌ လူငယ်စကားဝိုင်း  ဆွေးနွေးပွဲ ကျင်းပ

ပြည်ကြီးတံခွန် ဇန်နဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ နှင်းထက်အောင် ကိုယ်ပိုင်အထက်တန်းကျောင်း၌  ဗလငါးတန်နှင့်ပြည်စုံသည့် ကျောင်းသား/ကျောင်းသူများဖြစ်လာစေရန် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက  ကျင်းပသည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်စကားဝိုင်းများကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး နှင်းထက်အောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-10 ကျောင်းသား မောင်လင်းခန့်ကျော်က လူငယ်နှင့်စာပေခေါင်းစဉ်၊ Grade-8 ကျောင်းသား မောင်စိုပြေမောင်က လူငယ်နဲ့မူးယစ်‌ဆေးဝါး ခေါင်းစဉ်၊ Grade-10 ကျောင်းသား မောင်ရှိုင်းထက်‌ကျော်က လူငယ်နှင့် Social Media ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများကလည်း သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စောလွင်နှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲမှ ကျောင်းသား/ကျောင်းသူများက ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)