ကျောက်မဲ ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ကျောက်မဲမြို့၊ အ.ထ.က(၃)တွင် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် သက်ဆိုင်ရာတာဝန်ခံ ကျောင်းအုပ်များက အဖွင့်အမှာစကားပြောကြားပြီး ကျောက်မဲခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်အားကစားမှူး ဒေါ်သန်းရွှေမာက အားကစားဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဒေါ်ခင်မြတ်ဝါက "လူငယ်နှင့်စာဖတ်ခြင်း"ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
ယင်းနောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းအတွက် အားကစားဆိုင်ရာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ အလားတူ ကျောက်မဲမြို့၊ အထက(၂)ကျောင်းတွင်လည်း အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)