ကျိုင်းလပ် ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ဝမ်လုံရပ်ကွက်ရှိ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားတွင် ကျိုင်းလပ်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများဖြစ်ကြသော နမ့်ခင်း၊ ရပ်ကွက်(၃)၊ မိုင်းပါလျှိုး၊ ကျခမ်းကျောက်(A)၊ BROTHER TEAM၊ ကျခမ်းကျောက်(B)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၁) စသည့် ဘောလုံးအသင်း (၈)သင်းတို့က (၂၈.၁.၂၀၂၆) ရက်နေ့မှ (၆.၂.၂၀၂၆) ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး (၈.၂.၂၀၂၆) ရက်နေ့မှ(၉.၂.၂၀၂၆)ရက်နေ့တွင် ဆီမီးဖိုင်နယ်ကစားမည်ဖြစ်သည်။ ထို့နောက် (၁၁.၂.၂၀၂၆)ရက်နေ့နှင့် (၁၂.၂.၂၀၂၆) ရက်နေ့တို့တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ရှမ်း၊ လားဟူ၊ အာခါတိုင်းရင်းသူလေးများက တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)