ကွန်ဟိန်းမြို့ (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်

ကွန်ဟိန်း ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌  ကျောင်းသား/ကျောင်းသူများနှင့်ပူးပေါင်း၍ ဒေါက်တာကျော်စိန်ကရေးသားထားသည့် “ယဥ်ကျေးလိမ္မာသော လူငယ်မှသည် လူကြီးလူကောင်းအဖြစ်သို့”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀  နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး “ကျေးဇူးပြု၍”ခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထို့နောက် စာဖတ်ဝိုင်းတွင် ကျောင်းသား မောင်ရဲရင့်အောင်က “ကျေးဇူးတင်ပါတယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မသွန်းရွှေရည်ဦးက “တောင်းပန်စကားပြောဆိုခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ပြသထားသော သုတရသစာအုပ်စာစောင်များကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွါးလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများတိုးပွါးလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)