နမ့်စန်မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

နမ့်စန်()  ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များအကြောင်း၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည့် ပြည်ထောင်စုအမွေ စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးဟောပြောပွဲ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများကို ပြည်ထောင်စုနေ့ အထိမ်းအမှတ်အသိပညာပေးနံရံကပ်စာစောင်များပြသပေး၍ စာအုပ်ပြပွဲကိုဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲသို့ အမှတ်(၃)ရပ်ကွက်အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)