တနိုင်းမြို့နယ်တွင် နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားရေးနှင့် လွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တနိုင်း ဇန်နဝါရီ ၃၁

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားရေးနှင့် လွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ  ပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၁ နာရီက ဟူးကောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမှ လမ်းညွှန်အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းမင်းလတ်မှ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းနှင့် ပက်သက်၍ ဆောင်ရွက်နေမှုများကို Power Point ဖြင့်ရှင်းလင်းပြောကြားပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဆိုင်ရာမှတ်တမ်း Vedio Clip အား ပြသခဲ့သည်။ယင်းနောက် အခမ်းအနား တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းနှင့် ပက်သက်၍ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဌာနအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)