မချမ်းဘော ဇန်နဝါရီ ၃၁
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ၂၇ရက်မှစ၍ စတင်ကျင်းပလျက်ရှိရာ ဇန်နဝါရီ ၃၁ရက်တွင် ရပ်ဝေးရပ်နီးမှဘုရားဖူးဧည့်သည်များဖြင့် ပိုမိုစည်ကားလျက်ရှိကြောင်းသိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘဏကသံဃာ(၂၇)ပါးတို့ဖြင့် အသံမစဲမဝါပဌာန်းကျမ်းမြတ်ကို ကောင်းမှုလုံစေတီတော်မြတ်ကြီးမုခ်ဦး၌ ရွတ်ဖတ်ပူဇော်လျက်ရှိပြီး ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ၁နာရီက ရပ်ဝေးရပ်နီးမှ ဗုဒ္ဓဘာသာဝင်များစုပေါင်း၍ အလှူပဒေသာပင်များ လှည့်လည်ပူဇော်ခြင်းနှင့်မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲများနှင့် ထမနဲထိုးပြိုင်ပွဲများကျင်းပရာ ပူတာအိုဒေသရှိ ကျေးရွာပေါင်း(၁၃) ရွာမှ ဗုဒ္ဓဘာသာဝင်များ စုပေါင်းပါဝင်ဆင်နွဲခဲ့ကြပြီး လှေလှော်ပြိုင်ပွဲများ၊ စတုဒီသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)