တာလေမြို့တွင် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းသို့ တက်ရောက်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တာလေ ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်တွင် ဖွင့်လှစ်မည့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(မိုင်းကိုး)တွင် တက်ရောက်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း(တာလေ)=ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် တာချီလိတ်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်ကိုကိုက စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(မိုင်းကိုး)တွင် ဖွင့်လှစ်မည့် သင်တန်းများ၊ လျှောက်ထားနိုင်သည့် သတ်မှတ်အရည်အချင်းများ၊ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများနှင့် သင်တန်းပြီးဆုံးပါက ဆက်လက်တက်ရောက်နိုင်မည့် တက္ကသိုလ်အခွင့်အလမ်းများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)