သံဖြူဇရပ်၌ နေအိမ်များအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်‌

သံဖြူဇရပ် ဖေဖော်ဝါရီ ၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ကြိုတင်ကာကွယ်မှု အစီအမံတစ်ရပ်အနေဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောင်းပိုင်းရပ်ကွက်အတွင်း ယမန်​နေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးများစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေးနှင့်တပ်ဖွဲ့ဝင်များမှ ကျောင်းပိုင်းရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ သွားရောက်ပြီး၊ မီးဘေးကြိုတင်ကာကွယ်ရေး အတွက်ချက်ပြုတ်စားသောက်ရာတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ ဂက်စ်မီးဖိုပိုက်များပေါက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ လျှပ်စစ်ဝိုင်ယာကြိုးများအား စနစ်တကျသွယ်တန်းထားရှိမှု၊ အရေးပေါ်တယ်လီဖုန်း နံပါတ်များကပ်ထားရန်၊ မီးလောင်မှု၊ မီးလန့်မှုများဖြစ်ပွားပါက လက်ဦးမှုရယူငြှိမ်းသတ်ပြီး အချိန်နှင့်တစ်ပြေးညီ မီးသတ်စခန်းသို့ အကြောင်းကြားရန် အကြံပြုပြောကြား၍ မီးဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း ဆက်လက်၍အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)