ဒဂုံတောင် ဖေဖော်ဝါရီ ၆
၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ (၂၆) ရက် ညနေပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ မြို့နယ်ဘောလုံးအားကစားကွင်းနှင့် သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း၊ သုဝဏ္ဏကွင်း၊ ပဒုမ္မာတို့၌ ယှဉ်ပြိုင်ကစားလျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက်နေ့ မွန်းလွဲ (၃) နာရီခွဲက ဒဂုံမြို့သစ်(တောင်ပိုင်း)မြိုနယ်၊ အမှတ် (၂၅)ရပ်ကွက်ရှိ မြို့နယ်ဘောလုံးအားကစားကွင်းတွင် လှည်းကူးခရိုင်အသင်းနှင့် မရမ်းကုန်းခရိုင် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ရာ မရမ်းကုန်းခရိုင်အသင်းက လှည်းကူးခရိုင်ကိုယ်စားပြုအသင်းကို (၄) ဂိုး (၃) ဂိုးဖြင့် အနိုင်ရသည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် အသင်း (၁၄) သင်းပါဝင်ပြီး ဖေဖော်ဝါရီလ (၁၁) ရက်အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အကောင်းဆုံးအားကစားသမားများကို ရွေးချယ်ကာ နေပြည်တော်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးအောင်