အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2026
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့က ကြီးမှူးဖွင့်လှစ်သည့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ အဆင့်မြှင့်တင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာစေရေး ဟိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများအား ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြား ပေးခဲ့သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၃)မျိုး ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်အတွင်းရှိ Golden Eagle Hotel ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 23,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အောင်သိဒ္ဓိအ‌ထွေထွေစီးပွားရေးလုပ် ငန်းသမဝါယမအသင်း(လီမိတက်) ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး‌ကို ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက သမဝါယမအသင်း၏ တည်းခိုရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ယနေ့ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၉ နာရီအချိန်က စားအုန်းဆီသက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
Jun 23,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၌ သစ်တောဦးစီးဌာနမှ ပြည်သူများအား သစ်တော၊ သစ်ပင်၏ တန်ဖိုးများကိုသိရှိနားလည်စေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကို အလေးထားတတ်စေရန်၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့်မျက်စိပသာဒအကျိုးများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်(၇)နာရီက စူဠာမဏိ လယ်ကွင်းဘုရားပတ်ဝန်းကျင်နှင့် မိုင်းနောင်တပ်နယ်များတွင် (ပထမအကြိမ်) စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရှိရသည်။
Jun 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၉ နာရီအချိန်က ထုတ်ပေးလျက်ရှိသည်။
Jun 23,2026
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် သစ်တောဦးစီးဌာနက ဦးဆောင်၍ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.ကခွဲ (ကျိုက်မရော) ကျောင်းခန်းမ၌ ပြုလုပ်သည်။
Jun 23,2026
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီခွဲက ရေထွက်ကျေးရွာရှိ အမှတ် (၂၁) အခြေခံပညာ မူလတန်းလွန်ကျာင်း၌ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ကြသည်။
Jun 23,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ဆန်စပါးဈေးကွက် တည်ငြိမ်စေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ယမန်နေ့က ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းများနှင့် ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်သည်။