လှည်းကူးမြို့နယ်၌ ပထမအကြိမ်မဲစာရင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၈၄၇၁၇ ဦးရှိ

လှည်းကူး အောက်တိုဘာ   ၆

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ၏ မဲစာရင်းများကို ပထမအကြိမ်အဖြစ် ကြေညာထားရာ မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၈၄၇၁၇ဦးထိ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှသိရသည်။

လှည်းကူးမြို့နယ်အတွင်းရပ်ကွက် (၅)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၅၂)အုပ်စုရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကိုပထမအကြိမ်အဖြစ်ထုတ်ပြန်ကြေညာခဲ့သည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် မဲစာရင်းများကို အောက်တိုဘာ ၁၃ ရက်အထိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့်လာရောက်ကြည့်ရှု၍ ပြန်လည်ပြင်ဆင်လိုသည့် အချက်အလက်များအား ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် ပုံစံများတောင်းခံရယူကာ ဖြည့်သွင်းဆောင်ရွက်နိုင်ကြောင်းသိရသည်။

အေးအေးနွဲ့(လှည်းကူး)