ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း အင်းစိန်မြို့ ရွာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောက ဘိဝံသအား ဖူးမြော်

ရန်ကုန် အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက အင်းစိန်မြို့ ရွာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောက ဘိဝံသအား ဖူးမြော်ခဲ့ကြောင်း သိရသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိ စာသင်တိုက်ဦးစီးပဓာန နာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကာဘိဝံသအား ဖူးမြော် ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ဘုရင့်နောင်တိုးချဲ့ပန်းခြံတွင် ၂၀၂၅ ခုနှစ်၊ သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတ ဖျော်ဖြေပွဲအား ကြည့်ရှုအားပေးပြီး ထို့ပွဲတော်တွင် လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းနှင့် အစား အသောက်ဆိုင်များ၊ အပျော်စီးလှေ၊ ချားဝိုင်းများ၊ အပျော်တမ်းမြှားပစ်၊ တာယာကွင်းဘောလုံး၊ သားရေကွင်းပစ်၊ ကလေးကစားစရာအရုပ်ဆိုင်နှင့် ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ ကျော်ကြား သည့် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများဖြင့် စည်ကားလျက်ရှိပြီး အဆိုပါ ဈေးရောင်း ပွဲတော်ကို အောက်တိုဘာလ(၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ရန်ကုန်မြို့၊ ပြည်သူ့ ရင်ပြင်တွင် ၂၀၂၅ ခုနှစ်၊ သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲသို့ရောက်ရှိပြီး စတုဒီတာ ကျွေးမွေးရန်အတွက် ချက်ပြုတ်ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ဈေးဆိုင်ခန်းများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု သနပ်ခါး အရောင်းပြခန်းနှင့် သနပ်ခါးလိမ်းခြယ်နေမှုများ၊ ရုပ်ပြောင်ပန်းချီ ‌ရေးဆွဲထားရှိမှုများ၊ ရုပ်ရှင်၊ သဘင်နှင့်ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုနေမှုများစသည်တို့ကို ကြည့်ရူအားပေးကြပြီး ဈေးရောင်းချနေမှုများနှင့် ဈေးဝယ်လာ သူများ၊ ပွဲတော်သို့လာရောက်လည်ပတ်ကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ကိုယ်တိုင်လည်း ဝယ်ယူအားပေးကြကာ အဆိုပါဈေးရောင်းပွဲတော်ကို အောက်တိုဘာလ (၇) ရက်နေ့အထိ နေ့စဉ် နံနက် (၈) နာရီမှ ည(၁ဝ)နာရီအထိ ကျင်းပသွားမည်ဖြစ်​ပြီး ပွဲတော်လာ ပြည်သူများ သွားလာရေးအဆင်ပြေလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ထားရှိပြီး အလှပန်းခင်းများ၊ အလှမီးများ၊ မီးပုံးပျံလွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်၍ မည်သူမဆို ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)