ဒဂုံအရှေ့ အောက်တိုဘာ ၆
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရန် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာထားခြင်းကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူစာရင်း (နည်းဥပဒေ-၄)တွင် ပါဝင်သည့်မဲဆန္ဒရှင်ပြည်သူအမည်စာရင်းများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက စက်တင်ဘာလ(၃၀)ရက်နေ့မှစတင်၍ ကြေညာလျက်ရှိကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်ပြည်သူ အမည်စာရင်းများကြေညာကပ်ထားခြင်းကို မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့အမည်စာရင်းများကို ကြည့်ရှုနိုင်ပြီး မပါဝင်ပါက ပုံစံ (၃) ဖြင့်လည်းကောင်း၊ အချက်အလက်မပြည့်စုံပါက ကန့်ကွက်လိုလျှင် ပုံစံ (၄)ဖြင့်လည်းကောင်း တင်ပြဆောင်ရွက်နိုင်ကြောင်း မဲစာရင်းကြေညာထားခြင်းမဲစာရင်းများကို ပြည်သူများ မသိသူမရှိစေရန် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများက အသံချဲ့စက်များဖြင့် လှည့်လည်၍ နှိုးဆော်ပေးလျက်ရှိသည်။
ယင်းမဲစာရင်းများကို ပထမအကြိမ်အဖြစ် ၃၀.၉.၂၀၂၅ နေ့မှ ၁၃.၁၀.၂၀၂၅ နေ့ထိ ကြေညာသွားမည်ဖြစ်ပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မဲရုံ ၉၆ ရုံ၊ မဲဆန္ဒရှင်ဦးရေ (၁၀၃၄၃၂) ဦးရှိပြီး နောက်ဆုံးအကြိမ် မဲဆန္ဒရှင်ပြည်သူများစာရင်းကို နိုဝင်ဘာလတွင် ထပ်မံကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။
အေးမဉ္ဇူ