ရန်ကင်း အောက်တိုဘာ ၆
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရန် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာထားခြင်းကို ရန်ကင်း မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူစာရင်း(နည်းဥပဒေ-၄)တွင်ပါဝင်သည့်မဲဆန္ဒရှင်ပြည်သူအမည်စာရင်းများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကစက်တင်ဘာ၃၀)ရက်မှစတင်၍ ကြေညာသည်။
အဆိုပါမဲဆန္ဒရှင်ပြည်သူ အမည်စာရင်းများကြေညာခြင်းကို မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့အမည်စာရင်းများကိုကြည့်ရှုနိုင်ပြီး မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ အချက်အလက်မပြည့်စုံပါက ကန့်ကွက်လိုလျှင် ပုံစံ(၄)ဖြင့်လည်းကောင်း တင်ပြဆောင်ရွက်နိုင်ကြောင်း မဲစာရင်းကြေညာထားခြင်းမဲစာရင်းများကို ပြည်သူများမသိသူမရှိ စေရန် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် လှည့်လည်၍ နှိုးဆော်ပေးလျက်ရှိသည်။
ယင်းမဲစာရင်းများကို ပထမအကြိမ်အဖြစ် အောက်တိုဘာ ၁၃ ရက်အထိ ကြေညာသွားမည်ဖြစ်ပြီး ရန်ကင်းမြို့နယ်တွင် မဲရုံ(၃၀)၊ မဲဆန္ဒရှင်ဦးရေ (၃၉၅၁၄) ဦးရှိပြီး နောက်ဆုံးအကြိမ် မဲဆန္ဒရှင်ပြည်သူများစာရင်းကို နိုဝင်ဘာလတွင် ထပ်မံ ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။
လှလှထွေး