မဟာအောင်မြေမြို့နယ်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား ဆန္ဒမဲပေးခွင့်ရရှိရေးအတွက် သတ်မှတ်ပုံစံဖြင့် လျှောက်ထားနိုင်ရေး တွေ့ဆုံဆွေးနွေး

မဟာအောင်မြေ အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ်အတွင်း အကြောင်းအမျိုးကြောင့် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရရှိရေးအတွက် သတ်မှတ်ပုံစံဖြင့် လျှောက်ထားနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို မဟာမြိုင်(၁)ရပ်ကွက်၊ မဟာမြိုင်ကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မဟာမြိုင်(၁)ရပ်ကွက်၊ မဟာမြိုင်(၂)ရပ်ကွက်နှင့် ရဲမွန်တောင် ရပ်ကွက်သို့ အကြောင်းအမျိုးကြောင့် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မဟာအောင်မြေမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အကြောင်းအမျိုးကြောင့်ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအနေဖြင့် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးခွင့်ရရှိရေးအတွက် ပုံစံ-၃(က)ဖြင့် သက်ဆိုင်ရာရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် လျှောက်ထားဆောင်ရွက်ရန် အသိပေး ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများမှ မဲစာရင်းတွင်ပါဝင်ရေးနှင့်ပတ်သက်ပြီး သိရှိလိုသည်များ မေးမြန်းရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က ပြန်လည်ရှင်းလင်းပြောကြားသည်။

အလားတူ မဟာအောင်မြေမြို့နယ်အတွင်း အကြောင်းအမျိုးကြောင့် ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ဆန္ဒမဲပေးခွင့်ရရှိရေးအတွက် သတ်မှတ်ပုံစံဖြင့် လျှောက်ထားနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် တက္ကသိုလ်ရပ်ကွက်၊ တိုက်သစ်ဓမ္မာရုံ၌ ပြုလုပ်ရာ တက္ကသိုလ်ရပ်ကွက်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ မဟာနွယ်စဉ်ရပ်ကွက်၊ စကြာနွယ်စဉ်ရပ်ကွက်သို့ အကြောင်းအမျိုးကြောင့် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာ ပြည်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း