ရမည်းသင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) လက်တွေ့စမ်းသပ်လေ့ကျင့်ခြင်း ဆောင်ရွက်

ရမည်းသင်း နိုဝင်ဘာ ၆

ရမည်းသင်းမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေး လက်တွေ့စမ်းသပ် လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သင်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးစိန်​မြင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဥက္ကဌ ဦးမောင်ရွှေသိန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ တက်ရောက်ကာ  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးနည်းကို လက်တွေ့ စမ်းသပ်လေ့ကျင့်ခဲ့သည်။ အဆိုပါလက်​တွေ့စမ်းသပ်​လေ့ကျင့်မဲပေးခြင်းအပေါ် ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့များက ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ရမည်းသင်း)