ကျောက်ဆည်မြို့နယ်၌ စိုက်ပျိုးထားသော စံပြမိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် နိုဝင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး (၅၂၃၃၄) ဧက စိုက်ပျိုးထားရှိပြီး တောင်နောက်၊ ကျားကာ၊ ပွတ္တိုင် ကျေးရွာအုပ်စုများတွင် စိုက်ပျိုးထားသော စံပြမိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ထိုသို့စံပြမိုးစပါးများ စိုက်ပျိုးရာ၌ တောင်နောက်ကျေးရွာအုပ်စု ဦးပိုင်အမှတ်(၄၅)ခု၊ တောင်သူ(၄၅)ဦးမှ ဧရာမင်းမိုးစပါး(၁၀၀)ဧက၊ ကျားကာကျေးရွာအုပ်စု ဦးပိုင်အမှတ်(၂၃)ခု၊ တောင်သူ(၂၂)ဦးမှ ဧရာမင်းမိုးစပါး (၁၀၀)ဧက၊ ပွတ္တို်ငကျေးရွာအုပ်စု ကွင်းအမှတ်(၁၆၂)၊ ဦးပိုင်အမှတ်(၄၁)ခု၊ တောင်သူ(၄၁)ဦးမှ အောင်နိုင်တိုး မိုးစပါးနှင့် ဧရာမင်းမိုးစပါး(၁၀၀)ဧက စုစုပေါင်း(၃၀၀)ဧက စိုက်ပျိုးထားခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်၌ မိုးစပါးများစိုက်ပျိုးရာ၌ ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ အောင်နိုင်တိုး၊ GW-11 စသည့် စပါးမျိုးကွဲများကို ဇော်ဂျီဆည်ရေဖြင့်(၃၆၀၃၈)ဧက၊ ကင်းတားဆည်ရေဖြင့်(၁၅၅၀၃)ဧက၊ သစ်တက္ကုန်း ဆည်ရေဖြင့်(၄၃၆)ဧက၊ မိုးရေဖြင့်(၂၄၇)ဧက၊ မြေအောက်စက်တွင်းရေဖြင့်(၁၁၀)ဧက စုစုပေါင်း(၅၂၃၃၄)ဧက စိုက်ပျိုးထားကြောင်း  သိရသည်။

သက်မောင်၊ကျောက်ဆည်