မြစ်သားမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းစစ်‌ဆေးခြင်းများ ဆောင်ရွက်

မြစ်သား နိုဝင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းများ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က အနော်ရထာခန်းမ၌ စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါမဲဆန္ဒရှင်စာရင်းမျာ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းများ စစ်ဆေးဆောင်ရွက်ရာတွင် မြစ်သားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြစ်သားမြို့နယ်ဦးစီးမှူးရုံမှ ဦစီးအရာရှိနှင့် တိုက်နယ်မှူးများ၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မတီဝင်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့များက မဲဆန္ဒရှင်များ၏ တောင်းဆိုမှု၊ ပြင်ဆင်မှုနှင့်ကန့်ကွက်မှုများအား မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၃၂) အုပ်စုကို ပထမနေ့ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး ပူး‌ပေါင်းစစ်ဆေး‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)