ပြည်ကြီးတံခွန်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်

ပြည်ကြီးတံခွန် နိုဝင်ဘာ ၁၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းများကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာနိုင်ရေး မြို့နယ်တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းမဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းစိုး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းစိုးနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  မြို့နယ်ဦးစီးမှူး ဦး‌အောင်သွင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်များဖြင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်မင်းမောင်