ပုသိမ်ကြီး နိုဝင်ဘာ ၁၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းများကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာနိုင်ရေး မြို့နယ်တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။
မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ခင်စောယုသင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များဖြင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး စိစစ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်ပြည့်ပြီး၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင် ကျန်ရှိမှု မရှိစေရေး တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်