လှိုင်မြို့နယ်၍ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ(အခမဲ့) ကွင်းဆင်းဆောင်ရွက်

လှိုင် နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း များတွင် ယမန်နေ့နံနက် (၉) နာရီအချိန်ကစတင်၍ သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကွန်စတန်မှ “နည်းစနစ်မှန် သွားတိုက်ခြင်း”ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ ရန်ကုန်အနောက်ပိုင်းပြည်သူ့ဆေးရုံကြီး၊ သာကေတမြို့နယ်သွားနှင့်ခံတွင်း အထူးကုဆေးရုံမှ သွားနှင့်ခံတွင်းလက်ထောက်ဆရာဝန်များနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အ-မ-က(၂)‌ကျောင်းနှင့် အ-မ-က(၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား သွားနှင့် ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ(After Lunch Tooth Brushing Activity) အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်နိုင်