သန်လျင်မြို့နယ်၌ အိမ်ထောင်စုစာရင်းမရှိသူများ အားကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန် နိုဝင်ဘာ ၁၃

သန်လျင်ခရိုင် သန်လျင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းအဆင့်(၃)စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများသို့ကွင်းဆင်း၌ အိမ်ထောင်စုစာရင်း မရှိသူများအား (M)သင်္ကေတဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ယမန်နေ့ညနေပိုင်းက သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စု မြယာရိုးကျေးရွာရှိ ပြည်သူများအား  ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ စုရပ်ထားရှိကာ  မြို့နယ်လဝကဦးစီးဌာနမှူး ဦးဇွဲမင်းဦးနှင့်ဝန်ထမ်းများက အိမ်ထောင်စုစာရင်းမရှိသူများအား (M)သင်္ကေတဖြင့် ဆောင်ရွက်ပေးခဲ့သည်။

သန်လျင်မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ အဖွဲ့များခွဲ၍ ပန်းခင်းအဆင့်(၃)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး တာဝန်ရှိသူ တစ်ဦးမှသိရသည်။

ဖြိုးသီဟ(သန်လျင်)