ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ တရားမဝင်ဖွင့်လှစ်ထားရှိသော ဆေးရုံများ၊ ဆေးခန်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဆေးပညာဆိုင်ရာသင်တန်းကျောင်းများ၊ ဘာသာရပ်သင် ကိုယ်ပိုင်ကျောင်းများရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

ဒဂုံဆိပ်ကမ်း၊ နိုဝင်ဘာ ၁၂

တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘဝလုံခြုံမှုရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင်ဖွင့်လှစ်ထားရှိသော ဆေးရုံများ၊ ဆေးခန်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဆေးပညာဆိုင်ရာသင်တန်းကျောင်းများ၊ ဘာသာရပ်သင်ကိုယ်ပိုင်ကျောင်းများနှင့် အခြားသင်တန်းကျောင်းများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် စစ်ဆေးရေးအဖွဲ့(၂)ဖွဲ့ခွဲ၍ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကွင်းဆင်းစစ်ဆေးရေးအဖွဲ (၁)မှ အမှတ်(၅၈၊ ၅၉၊ ၆၀၊ ၆၁၊ ၆၇၊ ၆၈၊ ၆၉၊ ၇၃၊ ၇၇၊ ၇၈၊ ၇၉၊ ၈၀၊ ၈၁၊ ၈၂၊ ၈၃၊ ၈၄ရပ်ကွက်များသို့လည်းကောင်း၊ အဖွဲ့(၂) မှအမှတ်(၈၅၊ ၈၆၊ ၈၇၊ ၈၈၊ ၈၉၊ ၉၀၊ ၉၁၊ ၉၂၊ ၉၃၊ ၉၄၊ ၁၆၈ရပ်ကွက်နှင့် ကျီစုအရှေ့ကျေးရွာ၊ ညောင်ပင်ကျေးရွာ၊ သရက်ပင်ချောင်ကျေးရွာ၊ ဒလဘမ်းကျေးရွာများအတွင်း ဖွင့်လှစ်ထားရှိသည့် ဆေးရုံများ၊ ဆေးခန်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဆေးပညာဆိုင်ရာသင်တန်းကျောင်းများ၊ ဘာသာရပ်သင်ကိုယ်ပိုင်ကျောင်းများ၊ အခြားသင်တန်းကျောင်းများအား တရားဝင်ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားခြင်းရှိ/ မရှိစစ်ဆေး၍ စိစစ်တွေ့ရှိမှုအခြေအနေများအား မြို့နယ်ကွင်းဆင်းစစ်ဆေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသို့ ပြန်လည်တင်ပြခဲ့ကြောင်း သိရသည်။

ဖြိုးစန္ဒာ(ပြန်/ဆက်)