ကွမ်းခြံကုန်းမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး (Pfizer JN1 Grey Cap) Booster Dose ထိုးနှံ

ကွမ်းခြံကုန်း နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ်ကာကွယ်ဆေး (Pfizer JN1 Grey Cap)ကို ထိုးနှံခြင်းကို နိုဝင်ဘာနေ့နံနက် ၉ နာရီအချိန်မှစ၍ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ဆေးရုံကာကွယ်ဆေးထိုးခန်းမတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံမှုတွင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်မကြီး ဒေါက်တာမို့မို့ကျော် ဦးဆောင်ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ ယနေ့မှစ၍ နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ အသက်(၁၈)နှစ်အထက် ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး ( P fizer JN1 Grey Cap) Booster Dose ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဆွေနွယ်