တိုက်ကြီး နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများ ထုတ်ပြန် ကြေညာသွားမည်ဖြစ်ရာ အဆိုပါမဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး စိစစ်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက မဲစာရင်းများ ဒုတိယအကြိမ် ကြောညာခြင်းမပြုမီ မဲဆန္ဒရှင်ပြည်သူများ၏ပုံစံ(၃)၊ ပုံစံ(၃-က)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၁၅)တို့ဖြင့် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခဲ့သော စာရင်းများ စိစစ်ပြင်ဆင်ခဲ့ပြီး ဖြစ်သည့်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများအနေဖြင့် ပြင်ဆင်ပြီးစာရင်းများအား ကျန်ရှိမှု၊ မှားယွင်းမှုမရှိစေရေး ထပ်မံစိစစ်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၈(ခ)အရ မဲစာရင်းများ ကြေညာခြင်းမပြုမီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့် မြို့နယ်ရှိနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ဖြင့် မဲစာရင်းများ ပြည့်စုံမှန်ကန် စေရေး စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်