ကျောက်ပန်းတောင်း နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေခံပညာကျောင်းများအား၊ ခရိုင်နှင့်မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ တာဝန်ရှသူများက ကွင်းဆင်းစစ်ဆေးလျက်ရှိရာ နိုဝင်ဘာ (၁၂) ရက်နေ့ နံနက် (၉) နာရီက စံပြရပ်ကွက်မူလတန်းလွန်ကျောင်းသို့ ရောက်ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်တင့်တင့်အောင်၊ အခြေခံပညာဦးစီးဌာန ညောင်ဦးခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထွန်းဦးတို့ ဦးဆောင်သည့် ခရိုင်လုပ်ငန်းအဖွဲ့နှင့် မြို့နယ်လုပ်ငန်းအဖွဲ့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများက၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စံပြရပ်ကွက် မူလတန်းလွန်ကျောင်းနှင့် အင်ချောင်းကျေးရွာ မူလတန်းလွန် ကျောင်းတို့အား သွားရောက်စစ်ဆေးခြင်းဖြစ်ပြီး၊ အဆိုပါကျောင်းများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများအဖြစ် ဆောင်ရွက်နိုင်ရေး သတ်မှတ်ထားသည့် အခြေခံစံနှုန်း (၄) ချက်၊ အညွှန်းကိန်း (၁၇) ချက်နှင့်အညီ အရိပ်ရပင်များနှင့် ပန်းအလှပင်များဆောင်ရွက်ထားရှိမှု၊ အတန်းအလိုက် စားသုံးသီးပင်များ စိုက်ပျိုးထားရှိမှု၊ ကျောင်းတွင်း/ကျောင်းပြင် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အကြံပြုဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)