မန္တလေးအဝေးသင်တက္ကသိုလ်၌ ပထမအကြိမ်မြောက် Job and Career Fair အလုပ်အကိုင်နှင့် သက်မွေးမှုလုပ်ငန်းအခွင့်အလမ်းအခမ်းအနား ကျင်းပ

ချမ်းအေးသာစံ  နိုဝင်ဘာ ၁၂

မန္တလေးအဝေးသင်တက္ကသိုလ်တွင် တက်ရောက်သင်ကြားနေသော ကျောင်းသား၊ကျောင်းသူများအား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ကာ မန္တလေးအဝေးသင်တက္ကသိုလ်နှင့် လုပ်ငန်းရှင်အသင်းများမှ ပူးပေါင်းကာ ပထမအကြိမ်မြောက် Job and Career Fair အလုပ်အကိုင်နှင့် သက်မွေးမှုလုပ်ငန်းအခွင့်အလမ်း အခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီအချိန်က မန္တလေးအဝေးသင်တက္ကသိုလ်အတွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးအဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာခင်သန့်စင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး Job and Career Fair အလုပ်အကိုင်နှင့် သက်မွေးမှုလုပ်ငန်းအခွင့်အလမ်းတွင် ပူးပေါင်းပါဝင် ပံ့ပိုးပေးသော လုပ်ငန်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

Job and Career Fair အလုပ်အကိုင်နှင့် သက်မွေးမှုလုပ်ငန်းအခွင့်အလမ်း ကျင်းပဆောင်ရွက်ခဲ့ရာ ကုမ္မဏီ ၁၂ ခုပါဝင်ခဲ့ပြီး အဆိုပါလုပ်ငန်းများတွင် ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိနှစ်သက်ရာ အလုပ်အကိုင် အခွင့်အလမ်းများတွင် လုပ်ကိုင်လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

(ချမ်းမြေ့မောင်၊ ချမ်း/စံ)