Green Response Workshop ဖွင့်ပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာလ ၁၂

မြန်မာနိုင်ငံကြက်ခြေနီအသင်း ထောက်ပံ့ပို့ဆောင်ရေးနှင့်ဝယ်ယူဖြည့်တင်းရေးဆိုင်ရာစီမံခန့်ခွဲမှုဌာနနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းပြုလုပ်သော Green Response Workshop (Community Waste Management Initiatives)ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာတင်မောင်လှိုင်က အမှာစကားပြောကြားခဲ့ပြီး ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ Country Manager Ms. Nuria Beneitez က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ အသင်းအလုပ်အမှုဆောင်နှင့်အတူ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်အိအိထွေး၊ ဒုတိယညွန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းနှင့် နော်ဝေနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ Recyglo အဖွဲ့မှ တာဝန်ရှိသူများ၊ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မည့် အသင်းဌာနချုပ်နှင့် မိတ်ဖက်ကြက်ခြေနီအသင်းများမှ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်နှင့် သဘာဝပတ်ဝန်းကျင်မထိခိုက်စေဘဲ အကျိုးရှိစွာပြန်လည်အသုံးပြုနိုင်ရန်၊ နေ့စဥ်အသုံးပြုနေသော စွန့်ပစ်ပစ္စည်းများကို စနစ်တကျ သီးခြားစီထားပြီး စွန့်ပစ်ခြင်း၊ ပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေးအတွက် အသင်းဌာနချုပ်၊ ရုံးခွဲနှင့် သိုလှောင်ရုံများတွင် Green Response Activities များကို ပိုမိုသိရှိပြီး ပါဝင်ဆောင်ရွက်နိုင်စေရန် နေ့တစ်ပိုင်းတာပြုလုပ်သည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အသင်းဌာနချုပ်နှင့် မိတ်ဖက်ကြက်ခြေနီအသင်းများမှဝန်ထမ်းများ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)