ရန်ကုန် နိုဝင်ဘာ ၁၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး၊ စာဖတ်သူတိုးပွားရေး၊ စာကြည့်တိုက်ဥပဓိကောင်းမွန်စေရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်၊ ဒုတိယဦးစီးမှူး ဒေါ်စမ်းစမ်းစိမ့်၊ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးဝင်းတို့သည် သန်လျင်မြို့နယ် မြန်မာ့ရေနံရပ်ကွက်ရှိ မိဘကျေးဇူးဆပ်စာကြည့်တိုက်၊ ဗိုလ်ချုပ်ကျေးရွာ ဓမ္မရသစာကြည့်တိုက်၊ လက်ယက်စမ်းကျေးရွာ လင်းရောင်ခြည်စာကြည့်တိုက်၊ ကွမ်းခြံကုန်းကျေးရွာ ပညာရင်ခွင်စာကြည့်တိုက်နှင့် အမှုထမ်းရပ်ကွက်ရှိ ကြေးမုံပြင် စာကြည့်တိုက်များသို့ သွားရောက်၍ စာကြည့်တိုက်ကော်မတီဝင်များ၊ စာကြည့်တိုက်မှူးများအား တွေ့ဆုံကာ စာကြည့်တိုက်လုပ်ငန်းဆိုင်ရာများအား ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက သက်ဆိုင်ရာစာကြည့်တိုက်တာဝန်ခံများသို့ စာအုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)