ဗိုလ်တစ်ထောင်ခရိုင်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်‌ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား လူမှုရေး၀န်ကြီး ဦးဌေးအောင် လာရောက်ကြည့်ရှုစစ်ဆေး

မြောက်ဥက္ကလာပ နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်‌ရေးအတွက် ကြိုတင်ပြင်ဆင်နေမှုများအား တိုင်းဒေသကြီး လူမှုရေး၀န်ကြီး ဦးဌေးအောင်နှင့် တာ၀န်ရှိသူများအတူ  ယနေ့ နံနက်ပိုင်းက  လာရောက်ကြည့်ရှုစစ်‌ဆေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လူမှုရေး၀န်ကြီး ဦးဌေးအောင်နှင့်တာ၀န်ရှိသူများသည်  ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စာအုပ်စာစောင်ပြပွဲနှင့်  လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်းများ၊ ဌာနဆိုင်ရာအသိပညာပေးပြခန်းများ၊ ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ စာပေစကားဝိုင်းဆွေးနွေးပွဲ၊ ပျော်ရွှင်ဖွယ်ရာဂိမ်းကစားနည်းပြိုင်ပွဲများကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ဆောင်ရွက်နေမှု အခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို  တာ၀န်ရှိသူများအား  မှာကြားခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)