ကြည့်မြင်တိုင် နိုဝင်ဘာ ၁၂
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေငြာခြင်းမပြုမီ သက်ဆိုင်ရာရပ်ကွက်များတွင် စိစစ်ရေးအဖွဲ့ဖြင့် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် စိစစ်ရေးအဖွဲ့ဝင်များက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုထားသူများ ပါဝင်မှုရှိမရှိ၊ မပါ၀င်သင့်သေးသူများ ပါ၀င်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ထားသည် စာရင်းများ၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းသည့် အချက်များ မှန်မမှန် စသည့် အချက်များကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)