(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သာစည်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးနှင့်ဉာဏ်စမ်းသုတပြိုင်ပွဲများ ပြုလုပ်

သာစည် နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးနှင့်ဉာဏ်စမ်းသုတပြိုင်ပွဲများကို နိုဝင်ဘာ ၁၂ ရက်နံနက် ၉ နာရီက ပြုလုပ်ကြောင်း သိရသည်။

ဦးစွာအလယ်တန်းအဆင့် ဉာဏ်စမ်းသုတပြိုင်ပွဲကိုပြုလုပ်ရာ စာရေးဆရာဝေးရင့်သီက ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက်ပြိုင်ပွဲကိုစတင်ရာသာစည်မြို့အမှတ်(၁)နှင့်အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းများနှင့် အမှတ်(၂)ရပ်ကွက်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့မှ ကျောင်းသား/သူ စုစုပေါင်း ၂၅ ဦးတို့က အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သော ဉာဏ်စမ်းသုတမေးခွန်းများကို ဖြေဆိုကြသည်။ ဆက်လက်ပြီး အခြေခံ ပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ပြုလုပ်ရာ သာစည်မြို့ အမှတ်(၁)နှင့်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/သူ စုစုပေါင်း ၁၅ ဦးတို့က စည်းလုံးချစ်ကြည်လက်တွဲညီ ရွှေပြည်သစ်ဆီလှမ်းကြမည် ခေါင်းစဉ်ဖြင့် ဖြေဆိုယှဉ်ပြိုင် ကြသည်။

ပြိုင်ပွဲများမှ ဆုရရှိသူများကို မြို့နယ်၌ကျင်းပပြုလုပ်မည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းနောက် ကျောင်းသား/သူများက အသိပညာပေးပြသထားသော နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများ၊ သုတရသစာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူးဦးလှထွန်းနှင့်ဆရာ/မများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းနှင့်စာရေးဆရာများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)