ခရမ်း နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား လူငယ်ရေးရာ ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၁ဝ) နာရီက ခရမ်းမြို့ တမံကြီးကျေးရွာ အထကခွဲ(တမံကြီး)ကျောင်း ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အထကခွဲ(တမံကြီး)ကျောင်းမှ လက်ထောက်ကျောင်းအုပ်ဆရာမ ဒေါ်သက်သက်ခိုင်က အမှာစကားပြောကြားပြီးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး လူငယ်နှင့်စာဖတ်ခြင်း၏အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် ဟောပြောသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးခုပ်စွမ်းခိုင်က လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က လူငယ်နှင့်စားသုံးသူဆိုင်ရာအခွင့်ရေးနှင့်တာဝန်များအကြောင်းကို ဟောပြောသည်။
ထို့နောက် ကဗျာရွတ်ဆိုပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကိုဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူများက ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား တာ၀န်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ခရမ်း(ပြန်/ဆက်)