သာကေတ နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီနှင့် ရပ်ကွက်စာကြည့်တိုက်ကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယမန်နေ့ နေ့လည်(၂)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီရုံးအဖွဲ့မှူး ဦးဝင်းသိန်းမှ ရပ်ကွက်စာကြည့်တိုက်များအား လိုအပ်သည့်များမှာကြားခြင်း၊ စာကြည့်တိုက်စီမံခန့်ခွဲမှုလက်စွဲစာစောင်(၂၀၁၅)စာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုဦးစီးမှူး ဒေါ်မို့မို့သူက စာကြည့်တိုက်အခြေအနေများနှင့် ဆောင်ရွက်ရန်လိုသည့်အချက်များအား ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ရပ်ကွက်စာကြည့်တိုက်ကော်မတီဝင်များမှ စာကြည့်တိုက်များ၏အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပြီး ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲမသာမှုတရာမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်စာအုပ်အား ရပ်ကွက်စာကြည့်တိုက်များသို့ ဖြန့်ဝေပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သဲထက်ဇင်(ပြန်/ဆက်)