သင်္ဃန်းကျွန်း နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် ရပ်ကွက်များအလိုက် လျာထားမဲရုံ (၂၈) ရုံနေရာများအား သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဖြူလှနှင့် တာဝန်ရှိသူများက ယမန်နေ့ ၁၁ နာရီက လိုက်လံစစ်ဆေးခဲ့သည်။
ဦးစွာ သင်္ဃန်းကျွန်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဖြူလှက ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် ရပ်ကွက်များအလိုက် လျာထားမဲရုံ (၂၈) ရုံနေရာများအား လိုက်လံစစ်ဆေးရာ လျာထားမဲရုံများတွင် လျှပ်စစ်မီးရရှိရေး၊ မဲရုံအဝင်/ အထွက်နေရာများ အဆင်ပြေချောမွေ့စေရေးဆောင်ရွက်ထားရန် သောက်ရေသန့်များ ထားရှိဆောင်ရွက်ရေး၊ မဲရုံပတ်ဝန်းကျင်တွင် သန်ရှင်းသပ်ရပ်စေရေး မြက်ပင်/ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ထားရန်၊ လျာထားမဲရုံများအတွင်း အမြင်မတင့်တယ်သည်များအား ပြုပြင်ဆောင်ရွက်ထားရန် မဲရုံများအလိုက် လမ်းညွှန်ဆိုင်းဘုတ်များ ထားရှိသွားရန်နှင့် မဲရုံများအားလမ်းညွှန်ပြသပေးမည့် လူပုဂ္ဂိုလ်များအား တာဝန်ပေးအပ်နိုင်ရေးဆောင်ရွက်ထားရန် စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် လျာထားမဲရုံများ လိုက်လံစစ်ဆေးရာတွင် သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဖြူလှ၊ သင်္ဃန်းကျွန်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၂) ဦးသန်းထွန်း၊ သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စသည့် အဖွဲ့ဝင်များဖြင့် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇော်မိုး(သင်္ဃန်းကျွန်း)