စမ်းချောင်း နို၀င်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁ဝ နာရီခွဲအချိန်က စမ်းချောင်းမြို့နယ် ကျွန်းတော (တောင်) ရပ်ကွက်၊ ကျွန်းတောလမ်း၊ ကျွန်းတောဓမ္မာရုံတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် စမ်းချောင်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်စုလှဖြူက တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဦးစီးအရာရှိ ဦးစောသန့်ဇင်ထူးနှင့် ဒုတိယဦးစီးမှူး ဦးဇော်ဇော်တို့မှ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအခွန်ဆိုင်ရာဆွေးနွေးပွဲသို့ အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၀င်များ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်အခွန်ထမ်းပြည်သူ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)